Uncategorized | Bright Orient Co., Ltd https://brightorient-pmtc.com The First and Only one Maritime Training Centre Recognized by Panama Maritime Authorized in Myanmar. Thu, 08 Jan 2026 08:21:48 +0000 en-US hourly 1 https://wordpress.org/?v=6.9.4 https://brightorient-pmtc.com/wp-content/uploads/2025/11/Po-logo-150x150.jpg Uncategorized | Bright Orient Co., Ltd https://brightorient-pmtc.com 32 32 ခိုင်မာတဲ့အလုပ်အကိုင်အခွင့်အလမ်း https://brightorient-pmtc.com/%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%99%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%a1%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%a1/ Tue, 30 Dec 2025 03:12:50 +0000 https://pld.wid.mybluehost.me/website_4c0f4263/?p=1418

📢ကျွန်တော်တို့ PMTC Engineering ကနေပြီး စင်္ကာပူနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သွားရောက်လုပ်ကိုင်အတွေ့အကြုံယူနိုင်ဖို့အတွက် မိတ်ဘက်ကုမ္ပဏီတွေနဲ့ ဖော်ဆောင်ထားတဲ့လမ်းကြောင်းတခုကို ချပြချင်ပါတယ်။
ပထမဦးဆုံးအနေနဲ့ စင်္ကာပူနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်လိုသူသင့်အတွက် 🗎 NSSA လက်မှတ်ရှိ ထားရမှာဖြစ်ပါတယ်။
တကယ်လို့ လူကြီးမင်းအနေနဲ့ NSSA လက်မှတ်တခုခုရရှိပြီးသားဆိုရင်တော့ Congratulation ပါ🎉🥳။ အခုပဲ ဟောဒီ Link 👉 https://forms.gle/yYmpJjSv5TeNswQL9 👈 မှာ အချက်အလက်တွေကို ဝင်ရောက်ဖြည့်စွက်လိုက်ပါ။ ကျွန်တော်တို့ရဲ့ PMTC Engineering က ဝန်ထမ်းတွေက လူကြီးမင်းအတွက် စင်္ကာပူနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ သင့်လျော်တဲ့ အလုပ်အကိုင်အခွင့်လမ်းတွေကို ရှင်းပြဖို့ ဆက်သွယ်လာပါလိမ့်မယ်။
🤔NSSA ဆိုတာ ဘာလဲမသိဘူးဆိုရင်တော့ အောက်ဘက်ကရှင်းပြချက်တွေကို စိတ်ရှည်ရှည်နဲ့ဖတ်ပေးပါဦး🤔
👨‍🏫NSSA အကြောင်းမိတ်ဆက်👨‍🏫
NSSA ဆိုတာ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (National Skills Standards Authority) ကို အတိုကောက်ခေါ်တာပဲဖြစ်ပါတယ်။
စံသတ်မှတ်ပြဌာန်းရေးအဖွဲ့အနေနဲ့ ဘာတွေကို သတ်မှတ်ပေးတာလဲဆိုရင် လုပ်သားအယောက်အတွက် သက်ဆိုင်ရာပညာရပ်အလိုက် ကျွမ်းကျင်မှုအဆင့်တွေကို သတ်မှတ်ပေးတာပဲဖြစ်ပါတယ်။
📌မြန်မာနိုင်ငံအတွက် NSSA အဖွဲ့ကြီးကနေ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုနဲ့လုပ်ငန်းအတွေ့အကြုံတွေကို အကဲဖြတ်ပြီး အသိအမှတ်ပြုလတ်မှတ်တွေ ထုတ်ပေးပြီးတော့ လုပ်သားတွေရဲ့
✔️ လုပ်ငန်းခွင်မှာ ယှဉ်ပြိုင်နိုင်စွမ်း
✔️ လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှု
✔️ နိုင်ငံတကာအဆင့်မီ အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု
တွေကို မှတ်ကျောက်တင် အထောက်အပံ့ကောင်းတွေ ပေးနေခြင်းပဲဖြစ်ပါတယ်။
NSSA အဖွဲ့ဟာ
✅ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေဖို့
✅ ဒေသတွင်း/နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ စနစ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့
✅ အရည်အသွေးအာမခံချက်ရှိတဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို စနစ်တကျ ချမှတ်ဖော်ဆောင်လျက်ရှိပါတယ်။
NSSA အဖွဲ့ဟာ ဒေသစုံက လုပ်သားပြည်သူတွေ အဆင်ပြေပြေနဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်ပညာရပ်သင်တန်းတွေမှာ သင်တန်းတက်ရောက်ပြီး ကျွမ်းကျင်မှုကို အစစ်ဆေးခံယူနိုင်ဖို့အတွက် လေ့ကျင့်ရေးစင်တာများစွာနဲ့ ချိတ်ဆက်လုပ်ဆောင်နေပြီးတော့ အဲ့ဒီလေ့ကျင့်ရေးစင်တာတွေထဲမှာ ကျွန်တော်တို့ရဲ့ PMTC Engineering ဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။
💪ကျွန်တော်တို့ရဲ့ PMTC Engineering အနေနဲ့ လုပ်သားအင်အားစုရဲ့ စွမ်းရည်ထက်မြက်ရေးအပြင် လုပ်သားအင်အားစုတွေရဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်တွင်း/ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါတယ်။💪
🥛ဖတ်ရတာ မောသွားရင် ရေတခွက်သောက်လိုက်ပါဦး😉
လူကြီးမင်းအနေနဲ့ NSSA လက်မှတ်မရှိသေးဘူးဆိုရင်လည်း NSSA လက်မှတ်ရရှိဖို့လိုအပ်တဲ့ ကိစ္စအဝဝ ( သင်တန်းတက်ရောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စများ ၊ သင်တန်းကာလအတွင်း နေထိုင်စားသောက်ဖို့အတွက် အစီအစဉ်များ) ကို ဝမ်းမြောက်ဝမ်းသာ ကူညီဖြေရှင်းဝန်ဆောင်မှုပေးဖို့အတွက် အသင့်ရှိပါတယ်🤗 ။ လူကြီးမင်းအနေနဲ့ စိတ်ပါဝင်စားတယ်ဆိုရင် အောက်ဘက်မှာပေးထားတဲ့ ဖုန်းနံပါတ်တွေကနေ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ Link 👉 https://forms.gle/yYmpJjSv5TeNswQL9 👈 ကနေတဆင့် အချက်အလက်တွေကို ဖြည့်သွင်းပေးပို့ထားနိုင်ပါတယ်။
💪ခိုင်မာတဲ့အလုပ်အကိုင်အခွင့်အလမ်းအတွက် ဒီနေ့ပဲ စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုက်ပါတယ်။💪

]]>
𝑾𝒆𝒍𝒅𝒊𝒏𝒈, 𝑾𝒐𝒓𝒌𝒔𝒉𝒐𝒑 𝑷𝒓𝒂𝒄𝒕𝒊𝒄𝒆 𝒂𝒏𝒅 𝑳𝒂𝒕𝒉𝒆 𝑴𝒂𝒄𝒉𝒊𝒏𝒆 𝑶𝒑𝒆𝒓𝒂𝒕𝒊𝒏𝒈 𝑪𝒐𝒖𝒓𝒔𝒆 https://brightorient-pmtc.com/%f0%9d%91%be%f0%9d%92%86%f0%9d%92%8d%f0%9d%92%85%f0%9d%92%8a%f0%9d%92%8f%f0%9d%92%88-%f0%9d%91%be%f0%9d%92%90%f0%9d%92%93%f0%9d%92%8c%f0%9d%92%94%f0%9d%92%89%f0%9d%92%90%f0%9d%92%91-%f0%9d%91%b7/ Wed, 24 Dec 2025 07:54:48 +0000 https://pld.wid.mybluehost.me/website_4c0f4263/?p=1933

PMTC (Marine & Engineering) မှာ သင်္ဘောသား လူသစ်/ဟောင်းများအတွက် Welding နှင့် Lathe Machining သင်တန်းများကို ဝါရင့်ဆရာများနဲ့ စနစ်တကျ စဉ်ဆက်မပျက် လေ့ကျင့်သင်ကြားပေးနေပါတယ်။

Seafarers များ ရဲ့ လိုအပ်ချက်နဲ့အညီ ၂၅ ရက်တာ Welding, Workshop Practice and Lathe Machine Operating Course ကို မကြာမှီထပ်မံဖွင့်လှစ်တော့မှာဖြစ်ပါတယ်။

🗓️ Date : 12 January 2026
⏰ Duration : 25 Days

တက်ရောက်လိုတဲ့ သင်တန်းသားတွေအနေနဲ့ အောက်ဖော်ပြပါ ဖုန်းနံပါတ်နှင့် Viber နံပါတ်များသို့ အမြန်ဆုံးတိုက်ရိုက် ဆက်သွယ် သင်တန်းအပ်နှံ နုိင်ပါပြီ။

🚩 သင်တန်းနေရာ : PMTC (Engineering) – အမှတ် ၁၆၇၊ သဇင်လမ်း၊ စက်မှုဇုံ (၃)၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Phone : 09 401200702
Viber : +95 9 792799181

တနင်္လာနေ့မှ သောကြာနေ့အထိ (နံနက် ၉ နာရီ မှ ညနေ ၄ နာရီ) ရုံးချိန်အတွင်း အသေးစိတ်အချက်အလက်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ကိုယ်တိုင်လာရောက်စုံစမ်းစာရင်းပေးသွင်းရန်လိပ်စာ :
PMTC (Engineering) – အမှတ် ၁၆၇၊ သဇင်လမ်း၊ စက်မှုဇုံ (၃)၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

]]>