📢ကျွန်တော်တို့ PMTC Engineering ကနေပြီး စင်္ကာပူနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သွားရောက်လုပ်ကိုင်အတွေ့အကြုံယူနိုင်ဖို့အတွက် မိတ်ဘက်ကုမ္ပဏီတွေနဲ့ ဖော်ဆောင်ထားတဲ့လမ်းကြောင်းတခုကို ချပြချင်ပါတယ်။
ပထမဦးဆုံးအနေနဲ့ စင်္ကာပူနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်လိုသူသင့်အတွက် 🗎 NSSA လက်မှတ်ရှိ ထားရမှာဖြစ်ပါတယ်။
တကယ်လို့ လူကြီးမင်းအနေနဲ့ NSSA လက်မှတ်တခုခုရရှိပြီးသားဆိုရင်တော့ Congratulation ပါ🎉🥳။ အခုပဲ ဟောဒီ Link 👉 https://forms.gle/yYmpJjSv5TeNswQL9 👈 မှာ အချက်အလက်တွေကို ဝင်ရောက်ဖြည့်စွက်လိုက်ပါ။ ကျွန်တော်တို့ရဲ့ PMTC Engineering က ဝန်ထမ်းတွေက လူကြီးမင်းအတွက် စင်္ကာပူနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ဖို့ သင့်လျော်တဲ့ အလုပ်အကိုင်အခွင့်လမ်းတွေကို ရှင်းပြဖို့ ဆက်သွယ်လာပါလိမ့်မယ်။
🤔NSSA ဆိုတာ ဘာလဲမသိဘူးဆိုရင်တော့ အောက်ဘက်ကရှင်းပြချက်တွေကို စိတ်ရှည်ရှည်နဲ့ဖတ်ပေးပါဦး🤔
👨‍🏫NSSA အကြောင်းမိတ်ဆက်👨‍🏫
NSSA ဆိုတာ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (National Skills Standards Authority) ကို အတိုကောက်ခေါ်တာပဲဖြစ်ပါတယ်။
စံသတ်မှတ်ပြဌာန်းရေးအဖွဲ့အနေနဲ့ ဘာတွေကို သတ်မှတ်ပေးတာလဲဆိုရင် လုပ်သားအယောက်အတွက် သက်ဆိုင်ရာပညာရပ်အလိုက် ကျွမ်းကျင်မှုအဆင့်တွေကို သတ်မှတ်ပေးတာပဲဖြစ်ပါတယ်။
📌မြန်မာနိုင်ငံအတွက် NSSA အဖွဲ့ကြီးကနေ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုနဲ့လုပ်ငန်းအတွေ့အကြုံတွေကို အကဲဖြတ်ပြီး အသိအမှတ်ပြုလတ်မှတ်တွေ ထုတ်ပေးပြီးတော့ လုပ်သားတွေရဲ့
✔️ လုပ်ငန်းခွင်မှာ ယှဉ်ပြိုင်နိုင်စွမ်း
✔️ လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှု
✔️ နိုင်ငံတကာအဆင့်မီ အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု
တွေကို မှတ်ကျောက်တင် အထောက်အပံ့ကောင်းတွေ ပေးနေခြင်းပဲဖြစ်ပါတယ်။
NSSA အဖွဲ့ဟာ
✅ အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေဖို့
✅ ဒေသတွင်း/နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ စနစ်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့
✅ အရည်အသွေးအာမခံချက်ရှိတဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို စနစ်တကျ ချမှတ်ဖော်ဆောင်လျက်ရှိပါတယ်။
NSSA အဖွဲ့ဟာ ဒေသစုံက လုပ်သားပြည်သူတွေ အဆင်ပြေပြေနဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်ပညာရပ်သင်တန်းတွေမှာ သင်တန်းတက်ရောက်ပြီး ကျွမ်းကျင်မှုကို အစစ်ဆေးခံယူနိုင်ဖို့အတွက် လေ့ကျင့်ရေးစင်တာများစွာနဲ့ ချိတ်ဆက်လုပ်ဆောင်နေပြီးတော့ အဲ့ဒီလေ့ကျင့်ရေးစင်တာတွေထဲမှာ ကျွန်တော်တို့ရဲ့ PMTC Engineering ဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။
💪ကျွန်တော်တို့ရဲ့ PMTC Engineering အနေနဲ့ လုပ်သားအင်အားစုရဲ့ စွမ်းရည်ထက်မြက်ရေးအပြင် လုပ်သားအင်အားစုတွေရဲ့ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြည်တွင်း/ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖန်တီးဖော်ဆောင်ပေးလျက်ရှိပါတယ်။💪
🥛ဖတ်ရတာ မောသွားရင် ရေတခွက်သောက်လိုက်ပါဦး😉
လူကြီးမင်းအနေနဲ့ NSSA လက်မှတ်မရှိသေးဘူးဆိုရင်လည်း NSSA လက်မှတ်ရရှိဖို့လိုအပ်တဲ့ ကိစ္စအဝဝ ( သင်တန်းတက်ရောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စများ ၊ သင်တန်းကာလအတွင်း နေထိုင်စားသောက်ဖို့အတွက် အစီအစဉ်များ) ကို ဝမ်းမြောက်ဝမ်းသာ ကူညီဖြေရှင်းဝန်ဆောင်မှုပေးဖို့အတွက် အသင့်ရှိပါတယ်🤗 ။ လူကြီးမင်းအနေနဲ့ စိတ်ပါဝင်စားတယ်ဆိုရင် အောက်ဘက်မှာပေးထားတဲ့ ဖုန်းနံပါတ်တွေကနေ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ Link 👉 https://forms.gle/yYmpJjSv5TeNswQL9 👈 ကနေတဆင့် အချက်အလက်တွေကို ဖြည့်သွင်းပေးပို့ထားနိုင်ပါတယ်။
💪ခိုင်မာတဲ့အလုပ်အကိုင်အခွင့်အလမ်းအတွက် ဒီနေ့ပဲ စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုက်ပါတယ်။💪